စာရေးဆရာ ဝင်းတင့်ထွန်း၏ ဦးညွတ်လိုက်မိ လွှမ်းမောမိတဲ့ ရုပ်ပုံတွေ - ရုပ်ပုံလွှာပေါင်းချုပ် စာအုပ် ထွက်ပြီ
စာရေးဆရာ ဝင်းတင့်ထွန်း၏ ဦးညွတ်လိုက်မိ လွှမ်းမောမိတဲ့ ရုပ်ပုံတွေ - ရုပ်ပုံလွှာပေါင်းချုပ် စာအုပ် ထွက်ပြီ
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၅
မြန်မာပြည်ခေတ်ပြိုင်သမိုင်းနဲ့ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး တော်လှန်ရေးသမားများ၏ ရုန်းကန်လှုပ်ရှားမှုတို့ကို အစဉ်တစိုက် မှတ်တမ်းတင်ရေးသားသူ စာရေးဆရာ ဝင်းတင့်ထွန်း ရဲ့ ရုပ်ပုံလွှာ စာအုပ် တအုပ် ဖြစ်ပါတယ်။ မိုးမခမှာ ၂၀၂၄ ခုနှစ်အတွင်း အခန်းဆက် ဖော်ပြခဲ့ပါတယ်။
ကျွန်းပြန် မြင်းခြံ ဦးဖေတင်၊ အရုဏ်ဦးခရီးသည် ရဲဘော်ငွေ၊ ရဲဘော်ချစ်အောင်၊ ရဲဘော် ကျော်မြ၊ ကျွန်းပြန် ဦးတင်အောင်၊ စစ်ကိုင်းဦးထွန်း၊ ဦးလှချို၊ မြင်းခြံဦးအောင်သူ၊ ဘိုကလေး လှရွှေ၊ ကိုဝင်းသူ၊ ကိုစိုးမြင့်၊ ဆရာ ဂျက်၊ ကိုမြင့်ဦးသစ်၊ ဗိုလ်သံမဏိ၊ ကိုတင်အေးကြူ၊ ဗိုလ်ဓမ္မ၊ ရဲဘော်ထွန်း စတဲ့ ရဲရင့်တဲ့ တော်လှန်ရေးသမားများ၏ ဘ၀ကို စာရေးသူကိုယ်တိုင် အတူ ဖြတ်သန်းမှုနဲ့ ယှဉ်တွဲ မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။
ပုံနှိပ်စာအုပ် စာမျက်နှာ ၃၀၄ မျက်နှာ ရှိပါတယ်။ ခေတ်ပြိုင်ဖြတ်သန်းမှု ဆိုပေမယ့် ၁၉၆၂ နောက်ပိုင်း မဆလတပါတီ အာဏာရှင်စနစ်ကို မြေပေါ် မြေအောက်၊ လက်နက်ကိုင်လမ်းစဉ် ဘက်ပေါင်းစုံကနေ ဆန့်ကျင်တိုက်ခိုက် စွန့်လွှတ်ခဲ့ကြတဲ့ လက်ဝဲဝါဒီ တော်လှန်သူတွေအကြောင်း လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်၏ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ၎င်းရဲဘော်များ၏ ယုံကြည်မြုပ်နှံ ပေးဆပ်မှုတွေကို ဖတ်ရူမှတ်သားရမှာ ဖြစ်ပါတယ်။
ပုံနှိပ်စာအုပ်ကို အကန့်အသတ်နဲ့သာ ရိုက်ပါတယ်။ တအုပ်ကို ဒေါ်လာ ၄၀ နဲ့ မှာယူနိုင်ပါတယ်။ မိုးမခ၏ နွေဦးစာနယ်ဇင်းရန်ပုံငွေ အလှူရှင်တွေဆီကိုတော့ မေတ္တာလက်ဆောင် ပို့ပေးပါတယ်။ မကြာခင်မှာ အီးဘုတ် ထွက်ပါမယ်။ အီးဘုတ်ကတော့ ဒေါ်လာ ၂.၉၉ နဲ့ တိုက်ရိုက် ဝယ်ယူ ဒေါင်းလုပ် သိမ်းဆည်း နိုင်ပါလိမ့်မယ်။
https://www.paypal.com/ncp/payment/JLUB6CZY93EMY
သည်လင့်ကနေ မှာပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
Comments
Post a Comment