ဦးဝင်းတင် ၈၅ – မိုးမခအင်တာဗျူးများ (၂၀၁၀ – ၂၀၁၃) စုစည်းမှု စာအုပ် ထွက်ပြီ


 
ဦးဝင်းတင် ၈၅ – မိုးမခအင်တာဗျူးများ (၂၀၁၀ – ၂၀၁၃) စုစည်းမှု စာအုပ် ထွက်ပြီ
(မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၅

ရန်အောင်စာအုပ်တိုက်၊ ပထမအကြိမ်၊ ၂၀၁၅ ဧပြီ
အုပ်ရေ ၅၀၀၊ တန်ဖိုး ၄၀၀၀ ကျပ်
မျက်နှာဖုံး ဗဂျီလင်းဝဏ္ဏ
စာမျက်နှာ ၃၇၆၊ အင်တာဗျူးပေါင်း ၈၅ ခု

သတင်းစာဆရာကြီး ဦးဝင်းတင် (၁၉၃၀-၂၀၁၄) နှင့် မိုးမခမီဒီယာတို့၏ အင်တာဗျူးများ ကို ၂၀၁၀ မှ ၂၀၁၃ အထိ ရက်စွဲများအတိုင်း စုစည်းထုတ်ဝေထားတဲ့ စာအုပ် ထွက်ရှိပြီ ဖြစ်ပါတယ်။ မိုးမခမီဒီယာက ရရှိတဲ့ စာမူခကို ဦးဝင်းတင်ဖောင်ဒေးရှင်းကို ပေးအပ်လှူဒါန်းမယ်လို့ သိရပါတယ်။


၂၀၁၀ ရွေးကောက်ပွဲ မ၀င်တဲ့ NLD, ၂၀၁၁ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်ခဲ့တဲ့ NLD, ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တွင်း ၀င်ခဲ့တဲ့ NLD, နဲ့ ၂၀၁၃ လွှတ်တော်တွင်းဝင် ပါတီ NLD တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုများနဲ့ ဦးဝင်းတင်ရဲ့ အတွေးအမြင်တွေကို တစုတစည်းတည်း ဖတ်ရှုရမှာဖြစ်ပါတယ်။

Comments