မေငြိမ်း - မြသီလာအလွမ်းပြေ



Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။

ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။

Comments