ဆရာမောင်စွမ်းရည် ၈၀ပြည့် အမှတ်တရ ကဗျာစုစာစုများ အရုဏ်ဦးစာပေက စီစဉ်ထုတ်ဝေ

ဆရာမောင်စွမ်းရည် ၈၀ပြည့် အမှတ်တရ ကဗျာစုစာစုများ အရုဏ်ဦးစာပေက စီစဉ်ထုတ်ဝေ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇


ဒီနေ့ အသက် ၈၀ ပြည့်တဲ့ ကဗျာဆရာ ဝေဖန်ရေးဆရာ စာရေးဆရာ မောင်စွမ်းရည်ကို အမှတ်တရ ဂုဏ်ပြုထုတ်ဝေတဲ့ အရုဏ်ဦးစာပေက စာအုပ် ထွက်ရှိလာပါတယ်။


စီစဉ်သူတွေထဲမှာ ဆရာနဲ့ ငယ်စဉ် လူငယ်ဘ၀ကတည်း ကွဲကွာသွားခဲ့တဲ့ ဆရာ့ညီအရင်း (ကို) ကျော်ဆွေလည်း တဦးပါဝင်ပါတယ်။  မြန်မာပြည်ရဲ့ အဝေးရပ်မှာ ခုချိန်ထိ ညီအကို၂ဦးစလုံး တနေရာစီ ကွဲကွာနေကြဆဲ ဖြစ်ပါတယ်။
သူက မိုးမခကို သည်စာအုပ်ကို မျှဝေရင်း အခုလို မိတ်ဆက်ထားပါတယ်။


"လာမည့် ဖေဖော်ဝါရီ(၁၇)
ရက်ဟာ အစ်ကို မောင်စွမ်းရည် အသက် ၈၀ ပြည့်မွေးနေ့ဖြစ်ပါတယ်၊၊ ကျွန်တော်တို့မှာ ဆွေမျိုးရင်းချာ
များများမရှိတော့ပါဘူး၊ ညီအစ်ကို မောင်နှမ ၄ ယောက်သာ ကျန်ပါတယ်၊ အမေဘက်ရော အဖေဘက်မှာပါ
ဆွေမျိုးရင်းချာ  များများ မရှိပါဘူး၊ အစ်ကိုမောင်စွမ်းရည်လို
အသက် ၈၀ အရွယ်လည်း မရှိပါဘူး၊ ဒါကြောင့် အစ်ကို မောင်စွမ်းရည် အမှတ်တရ စာအုပ်လေး ကျွန်တော့်ဘာသာ
စီစဉ် ပြီး ထုတ်ခဲ့ပါတယ်။"


ဆရာ ၈၀ပြည့် ဒီနေ့မှာ မန္တလေးက တောင်လေးလုံးကျောင်းမှာလည်း မြန်မာပြည်တွင်းက  မြန်မာစာပေမိတ်ဆွေများကလည်း 
 မွေးနေ့အထိမ်းအမှတ် ကျင်းပကြမယ်လို့ သိရပါတယ်။




Comments