မိုးမခမဂ္ဂဇင်း(၂၀၁၉ဒီဇင်ဘာထုတ်) ၂၀၂၀ဇန်နဝါရီမကုန်ခင်မှာ အချိန်မီ ထွက်ပြီ



မိုးမခမဂ္ဂဇင်း(၂၀၁၉ဒီဇင်ဘာထုတ်) ၂၀၂၀ဇန်နဝါရီမကုန်ခင်မှာ အချိန်မီ ထွက်ပြီ

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၀


ပြည်ပက ကလောင်ရှင် ၁၂ ဦး၊ ပြည်တွင်းက ကလောင်ရှင် ၃၇ ဦးရဲ့ အင်အားတွေ တစုတစည်းနဲ့ - ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးထုတ် မိုးမခမဂ္ဂဇင်း အရာရာနဲ့ အကြောင်းကြောင်းကို အကြောင်းပြုပြီးသကာလမှာ ၂၀၂၀ ဇန်နဝါရီ ၃၁ နေ့မှ ရန်ကုန်မြို့ကြီးက စာအုပ်ဆိုင်များကို တင်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ယခင်လစဉ်ထုတ်ကနေ ၂၀၁၉ နှစ်ဆန်းကနေ ၃လတကြိမ်ထုတ် မဂ္ဂဇင်းအဖြစ် အဆင့်မြှင့်တင်လိုက်တဲ့ မိုးမခပုံနှိပ်စာစောင်ဟာ ၂၀၁၉ နှစ်အတွင်းမှာ အတွဲ၆ အမှတ် ၁ ကနေ ၄ အထိ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။




ဆိပ်ကမ်းသာလမ်းက ဆိပ်ကမ်းသာစာပေတိုက် ကနေ ထုံးစံအတိုင်း ဆိုက်ဆိုက်မြိုက်မြိုက် ဆက်လက်ဖြန့်ချိလိုက်ပါပြီ။ ရန်ကုန်မြို့ထဲက စာအုပ်ဆိုင်ကြီးများအနက် - အပါးတော်မြဲ သုံးဆိုင်၊ (တောင်ဥက္ကလာနန္ဒဝန်စျေးရှေ့၊ ကျောက်မြောင်း၊ ဗိုလ်မြတ်ထွန်းလမ်းဆိုင်များ)၊ ပါရမီစာပေ (၂၉လမ်းနှင့်ဗိုလ်ချုပ်လမ်းဒေါင့်)၊ စာပေလောက ၂ (ပန်းဆိုးတန်း) ၊ စာပေနန်းတော် (၃၆ လမ်း မဟာဗန္ဓုလလမ်းနှင့် အနော်ရထာကြား)၊ အင်းဝ (ပန်းဆိုးတန်း)၊ ရာပြည့် (ပန်းဆိုးတန်း)၊ ခေတ်သစ်စာပေ (မဟာဗန္ဓုလလမ်းပေါ်နှင့် ၃၁ လမ်းဒေါင့်) တို့တွင်စတင်ဝယ်ယူနိူင်ပါပြီ။

ဆိပ်ကမ်းသာကနေ တိုက်ရိုက် ဆက်သွယ်မှာယူရင်တော့ အထူးစျေးနဲ့ ရပါမယ်။ အွန်လိုင်းစာအုပ်ဆိုင်တွေကိုလည်း တဆင့်မေးဝယ်ခိုင်းလို့ရပါတယ်။ အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာ​စျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄ ကို ချက်ခြင်း ဆက်သွယ်လိုက်ပါ။

မိုးမခရဲ့ ၂၀၂၀ အတွဲ ၇ အမှတ် ၁ ကိုတော့ (ဇန်၊ဖေ၊မတ်) သုံးလပေါင်းအဖြစ် မတ်လကုန်မှာ ထုတ်ဝေဖို့ အသည်းအသန် ကြိုးစားနေကြပြီလို့ ဆိုပါတယ်။ ဆက်လက်အားပေးကြပါဦး။









Comments