ကဗျာဆရာ စောဝေ ရဲ့ - မေ့မရပြီ စိတ်မှာ စွဲ - ခေတ်ပြိုင်ခံစားမှု စာအုပ် ထွက်ပြီ

 


ကဗျာဆရာ စောဝေ ရဲ့ - မေ့မရပြီ စိတ်မှာ စွဲ - ခေတ်ပြိုင်ခံစားမှု စာအုပ် ထွက်ပြီ

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၂

ကဗျာဆရာ စောဝေရဲ့ မေ့မရဲပြီ စိတ်မှာစွဲ (ဗမာ၊ အင်္ဂလိပ် နှစ်ဘာသာ) ခေတ်ပြိုင်ခံစားမှု စာအုပ်ကို မိုးမခမီဒီယာက ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်တွင်းမှာ ထုတ်ဝေခွင့် မကြုံလိုက်ရဘဲ နွေဦးတော်လှန်ရေးကာလအတွင်း မိုးမခအွန်လိုင်းမှာ အခန်းဆက် တင်ဆက်နိုင်ခဲ့ပါတယ်။ ထိုနောက် မိုးမခ၏ စာနယ်ဇင်းရန်ပုံငွေ အထောက်အကူ ရည်မှန်းချက်အဖြစ် အမှတ်တရ ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ၈ လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ထုတ်ဝေမှုလို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာပြန်က ဒေါက်တာဇော်ထွန်း ဖြစ်ပါတယ်။

မြန်မာပြည်ထဲမှာ စိုက်လိုက်မတ်တပ် တက်ကြွလှုပ်ရှားခဲ့သူ ၊ နွေဦးတော်လှန်ရေးမှာ တိုင်းပြည်အဝေးသို့ ရောက်နေရသူ - ကဗျာဆရာက သူ့အမှာစာမှာ ပြည်ပြေးတယောက်ရဲ့ အမှာစာ လို့ ခေါင်းတပ်ထားပါတယ်။ သူ့အမှာစာမှာ - နွေဦးတော်လှန်ရေးအတွက် ထောင်ထဲရောက်နေရတဲ့ သမီးငယ်လေးနဲ့ ပြည်တွင်း ပြည်ပ နွေဦးရဲဘော်ရဲဘက်များအတွက် ကျနော့်အနုပညာလက်နက်နဲ့ တိုက်ပွဲပါ။ အားလုံး လွတ်လပ် လုံခြုံ ငြိမ်းချမ်း ကျန်းမာ ချမ်းသာ သက်ရှည်ပါစေလို့ - ရေးထားပါတယ်။

မိုးမခမီဒီယာ၏ ဖေ့စ်ဘွတ်စာမျက်နှာက အွန်လိုင်းဆိုင်ကနေ အမေရိကန်ပြည်အတွင်း ဒေါ်လာ ၃၅ နဲ့ မှာနိုင်ပါတယ်။ လင့်က သည်မှာ ပါ။

Comments