ကိုအောင်မှိုင်း၏ ဓားထက်ထက်ပေါ်ကျသွားတဲ့ သွေးစက် ကဗျာစာအုပ် ထွက်ပြီ



ကိုအောင်မှိုင်း၏ ဓားထက်ထက်ပေါ်ကျသွားတဲ့ သွေးစက် ကဗျာစာအုပ် ထွက်ပြီ

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၃

မိုးမခ၏ ပင်တိုင်ကလောင်ရှင် ကိုအောင်မှိုင်း၏ နွေဦးတော်လှန်ရေးကဗျာများ ကောက်နှုတ်စုစည်းထားတဲ့ ကဗျာစာအုပ် မိုးမခစာပေကနေ ထုတ်ဝေလိုက်ပါပြီ။

စာရေးဆရာ (ကဗျာဆရာ)က စာအုပ်ကို သူ့၏ လွမ်းရသူ ခရီးဖော် ဆရာမနဲ့ နွမ်းခဲ့သူများအတွက်လို့ အမှာပါးထားပါတယ်။ သူ့ကဗျာတွေကို မိုးမခအပြင် Radio NUG ဝိုင်းတော်သားများကလဲ အသံဖြင့် ဖတ်ရှုထုတ်လွှင့်ခဲ့တာတွေ ရှိပါတယ်။

ဆရာကိုအောင်မှိုင်းက မိုးမခ၏ နွေဦးတော်လှန်ရေး စာနယ်ဇင်းရန်ပုံငွေအတွက်လို့ ဦးတည်ထားပါတယ်။ စာအုပ်တန်ဖိုးကတော့ အမေရိကန်ပြည်တွင်း ဒေါ်လာ ၄၀ ဖြစ်ပါတယ်။ စာတိုက်ဖိုး ဝန်ဆောင်မှုအခမဲ့ ပို့ပါမယ်။ မိုးမခမီဒီယာ၏ ဖေ့စ်ဘွတ်စာမျက်နှာ စျေးဆိုင်ကနေ မှာနိုင်ပါတယ်။ အီးဘုတ်ချည်း သီးသန့် ဖြန့်ချီရင်တော့ အမေဇုံအီးဘုတ် ကင်းဒဲလ်ကနေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/commerce/products/9053670211324876/?referral_code=newsfeed_carousel_ad





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Comments