အောင်ဝေးရဲ့ ပန်းပွင့်စစ်သည်တော် ကဗျာ ၁၀၀ စတုတ္ထအုပ် မိုးမခကနေ ထွက်ပြီ

 



အောင်ဝေးရဲ့ ပန်းပွင့်စစ်သည်တော် ကဗျာ ၁၀၀ စတုတ္ထအုပ် မိုးမခကနေ ထွက်ပြီ

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၃


နွေဦးကိုကြိုဆိုခြင်း …
နွေဦးက မလွဲမသွေရောက်လာခဲ့ပြီ
ရနံမွှေးသောလေညင်းသည် အသွေးစုံသောပန်းများကိုဖြတ်သန်း၍ သင့်ထံဦးတည်လာနေပြီ။ ကြိုဆိုလော့
နှလုံးသားကင်းမဲ့သော ဆောင်းကြမ်းသည် နွေဦးနေခြည်အောက်၌ အငွေ့ပျံ၍ သူ၏ဖြစ်တည်မှုကို ဆုံးရှုံးရတော့မည်။ ခံစားလော့
လူသားများ၏ ထက်သန်မှုသည် အောင်မြင်မှု၏ရှေ့ပြေးဖြစ်၏။ ပိုင်ပိုင်ဆုပ်ကိုင်ကြလော့
ခက်မာ
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃ (အောင်ဝေး ကဗျာ ၁၀၀ စတုတ္ထအုပ် အမှာစာ)

ကဗျာဆရာအောင်ဝေးရဲ့ နွေဦးတော်လှန်ရေးထဲက ကဗျာ ၁၀၀ - စတုတ္ထအုပ်ပါ။ ပန်းပွင့်စစ်သည်တော် လို့ အမည်ပေးထားပါတယ်။ နွေဦးတော်လှန်ရေးကို ကဗျာနဲ့ နေ့စဉ် မှတ်တမ်းရေးထိုးထားတယ်လို့ ဆိုနီုင်ပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲဲ နွေဦးရန်ပုံငွေအတွက် အောင်ဝေးက ပေးအပ်ထားပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲ့က နွေဦးတော်လှန်ရေး သတင်းမြင်ကွင်း နေ့စဉ်မှတ်တမ်းစာအုပ်ကို လစဉ်ထုတ်ဝေနေသလို အောင်ဝေး၏ ကဗျာမှတ်တမ်းကိုလည်း ဂုဏ်ယူစွာ ထုတ်ဝေတင်ဆက်လိုက်ပါတယ်။

စာအုပ်တန်ဖိုး က အမေရိကန်ဒေါ်လာ ၄၀။ အွန်လိုင်းက မှာရင် စာတိုက်ခ (အမေရိကန်ပြည်တွင်းအတွက်သာ) ၅ ဒေါ်လာ ကျသင့်ပါတယ်။ နွေဦးရန်ပုံငွေဆိုတော့ မိုးမခက မြန်မာပြည်တွင်းက လိုအပ်ချက်ရှိနေတဲ့ စာပေအနုပညာသည်တွေကို အားပေးမှု ပြုပါတယ်။ အများအပြား အကြီးအကျယ် မလုပ်နိုင်ပါ။ ကဗျာ၊ စာပေ၊ သတင်းသမားတွေအတွက် ကျောက်စက်ရေ တစက်မျှသာ ဆောင်ကျဉ်းနိုင်ပါတယ်။

သည်နေရာကနေ မေးဝယ်ပါ။




https://www.facebook.com/commerce/products/7059640814064592/

မိုးမခရဲ့ ရန်ပုံငွေအလှူရှင်တွေကို မေတ္တာလက်ဆောင်စာအုပ် ပို့ပေးသွားမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar




Comments