ထိန်လင်း - "ငါတို့မှာ ငါတို့ရှိတယ်" မှာလို့ရပါပြီ

 



ထိန်လင်း - "ငါတို့မှာ ငါတို့ရှိတယ်" မှာလို့ရပါပြီ

Radio NUG မှာ ထုတ်လွှင့်ခဲ့တဲ့ သမိုင်းနဲ့ အတွေးအခေါ် အခြေခံ ဆောင်းပါးအပုဒ် ၃၀ ကို မှတ်တမ်းဓာတ်ပုံ၊ သရုပ်ဖော်ပုံများနဲ့အတူ မိုးမခ မီဒီယာရဲ့ စီစဥ်မှုနဲ့ ထုတ်ဝေ ဖြန့်ချိတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလ အမှတ်တရအဖြစ် ဆရာ မောင်တင်သစ် (ဦးရည်မွန်)၊ ကိုမင်းကိုနိုင်တို့က အမှတ်တရစကားများ ရေးပေးထားပါတယ်။ 

ဆောင်းပါးများကို ရေးသားခဲ့စဥ်က မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတို့မှ အချက်အလက်တွေ၊ အတွေးအခေါ် အယူအဆတွေကို ရှာဖွေ ဖတ်ရှု ရေးသားခဲ့တာမို့ ဆောင်းပါးတစ်ပုဒ်ချင်းက စိတ်ခွန်အားနဲ့ ဗဟုသုတရရှိစေမှာ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကို ဖတ်စေချင်တဲ့ဆန္ဒ၊ တော်လှန်ရေးရန်ပုံငွေ ရချင်တဲ့ဆန္ဒနဲ့ ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၂၀ နဲ့အထက် ထည့်ဝင်ရင်း ဝယ်ယူဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ အလိုရှိတဲ့ မိတ်ဆွေများအနေနဲ့ မိုးမခ မီဒီယာကိုဖြစ်စေ၊ ကျနော့်ထံကို ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါပြီ။ 

နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ရမယ်။ 

ငါတို့မှာ ငါတို့ရှိတယ်။ 

#ထိန်လင်း 

၂၊ ၁၊ ၂၀၂၄


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Comments