ဂန္ထဝင်အနုပညာရှင် မာမာအေးသို့ အမှတ်တရစာစုများ ထွက်ပါပြီ

 


ဂန္ထဝင်အနုပညာရှင် မာမာအေးသို့ အမှတ်တရစာစုများ ထွက်ပါပြီ

(မိုးမခ) မတ် ၃၀၊ ၂၀၂၄

ဆရာအောင်ဝေးနဲ့ စာပေမိတ်ဆွေများ ဝိုင်းဝန်းစီစဉ်ကြပြီး မိုးမခမီဒီယာက ပုံနှိပ်ထုတ်ဝေ ဖြန့်ချိတဲ့ “လွမ်းသူရဲ့ပွဲ - မာမာအေး၊ အမှတ်တရစာစု” ထွက်ပါပြီ။

ဒေါ်မာမာအေးကိုယ်တိုင်ရေးခဲ့တဲ့ အမှတ်တရ စာများနဲ့အတူ ဆရာ ဦးတင်မိုး၊ ဆရာမောင်စွမ်းရည်တို့၏ ဆောင်းပါးတွေ ကဗျာတွေလဲ ပါဝင်ပါတယ်။

အောင်ဝေး၊ ချိုတူးဇော်၊ ကျော်ဟုန်း၊ အောင်မင်းစိုး(နယူးယောက်)၊ နှင်းဟေမာ၊ စိန်မြင့်အောင်(ဖလော်ရီဒါ)၊ ဓာတ်ပုံခင်မောင်လေး၊ ဒေါက်တာတင်ဇော်လွင်၊ ဒေါက်တာလှဘူး၊ ချမ်းငြိမ်း၊ မောင်စိုးချိန်၊ ကိုအောင်မှိုင်း မိုးချိုသင်းနဲ့ မောင်ရစ် တို့ ရေးထားတဲ့ စာတွေ ပါဝင်ပါတယ်။ မျက်နှာဖုံး ပန်းချီက သန်းဌေးမောင်။ မာမာအေးအမှတ်တရ ဓာတ်ပုံများကို ကာလာအယ်လဘန်အဖြစ် စာအုပ်နောက်ပိုင်းမှာ တွဲဖက် ဖော်ပြထားပါတယ်။



အဆိုပါစာအုပ်ကို မိုးမခက အမေရိကန်ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေပြီး နွေဦးတော်လှန်ရေး မိုးမခစာနယ်ဇင်းရန်ပုံငွေအတွက် ရည်ရွယ်ပါတယ်။ စာမျက်နှာ ၁၀၀ မျက်နှာတည်းဆိုပေမယ့် စာအုပ်တန်ဖိုးကို ဒေါ်လာ ၄၀ သတ်မှတ်ပါတယ်။ editors@moemaka.net ကို ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်။ မိမိတို့ဒေသခံ စာပေအသိုင်းအဝိုင်းကနေ တိုက်ရိုက်ဝယ်ယူရင် ပိုပြီး အဖိုးချိုသာနိုင်ပါတယ်။ Pay Pal & Facebook ကနေ မှာရင်တော့ အမေရိကန်ပြည်တွင်းမှာ ဒေါ်လာ ၂၀ နဲ့ မှာလို့ရပါတယ်။

မိုးမခမီဒီယာက အွနလိုင်းနဲ့ ဖေ့စ်ဘွတ်တွေကနေ မြန်မာ့အရေး စာ၊ ဆောင်းပါး၊ ကဗျာ စာပဒေသာများကို အခမဲ့တင်ဆက်နေပါတယ်။ လစဉ် ပုံနှိပ်စာအုပ်တွေ ကြိုးစားထုတ်ဝေ နေပါတယ်။ နွေဦးတော်လှန်ရေး ကလောင်ရှင်များကို အားပေးထောက်ခံဖို့ရယ်၊ ပြီးတော့ တော်လှန်ရေးကို ထောင့်ပေါင်းစုံက ထောက်ပို့နေသူတွေကို အမှတ်တရလက်ဆောင်ပေးချင်လို့ရယ် အခုလို စာအုပ်ထုတ်ဝေမှုကို မပျက်မကွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Comments