အိမ်လွမ်းဆိပ် - အဝေးရောက်ကဗျာဆရာများ - ပုံနှိပ်ကဗျာစာအုပ် ထွက်ပါပြီ
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၆
၂၀၂၆ ဇန်နဝါရီလ ထုတ်။ ကဗျာဆရာ - မောင်စွမ်းရည်၊ အောင်ဝေး၊ စောဝေ၊ ဆောင်းဝေ(နတ်မောက်)၊ နွေလယ်နေ၊ လင်းလွင်၊ စိုးခိုင်ညိန်း၊ မောင်စိုးချိန်၊ ကျော်မင်းထွန်း(NEEW YORK)၊ မင်းငြိမ်းအေး၊ ငြိမ်းသစ်၊ ချမ်းငြိမ်း၊ လမင်းညို(အင်းလေး)၊ လှိုင်မြတ်ဝေ၊ သံလွင်အေး၊ ဉာဏ်မျိုးထက်၊ ခွန်ဂျာ၊ ဈာန်ခ၊ ဧဏီမင်း၊ မြတ်စိုးချိန်၊ မင်းဆုလဒ်(မြစ်၀ကျွန်းပေါ်) တွေ စုပေါင်းထုတ်ဝေတဲ့ စာအုပ်။
"ရေပန်းမြစ်ဆိပ်၊ ပွင့်မျောရိပ်"တဲ့။ စစ်ကြီးပြီးသွားရင်တော့ ကျနော်တို့လည်း နတ်သျှင်နောင်ရတုထဲကအတိုင်း ပန်းပွင့်ကလေးတွေရေမှာမျောနေတဲ့ မြစ်ဆိပ်မယ် စိတ်ကူးယဥ်နိုင်ကြမှာပါ။ အခုတော့ ကျနော်တို့သင်္ဘောတွေ အိမ်လွမ်းဆိပ်မှာပဲ ဆိုက်ကပ်ထားရပါတယ်။ တစ်နေ့ကျရင်ဖြင့် လွမ်းမိလွမ်းမောသင်္ဘောတွေ အိမ်လွမ်းဆိပ်က ခွာနိုင်မှာပဲလို့ ယုံကြည် မျှော်လင့်နေမိပါရဲ့။ ။ (အဝေးရောက်ကဗျာဆရာများ)
စာမျက်နှာ ၄၄ မျက်နှာ။ မိုးမခကနေ ပုံနှိပ်စာအုပ်အဖြစ် စာတိုက်အမှာ ၂၀.၀၀ ဒေါ်လာ (၃$ စာတိုက်ခ ထပ်ဆောင်း)။ ကဗျာဆရာများထံက တိုက်ရိုက်အားပေးရင် အထူးဈေးနဲ့ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေး စာနယ်ဇင်းထောက်ကူ ရန်ပုံငွေအတွက် သုံးစွဲကြမှာ ဖြစ်ပါတယ်။
မှာကြားဖို့အတွက် အွန်လင်းလင့်က သည်မှာပါ -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar


Comments
Post a Comment