ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ ကွန်ပျူတာသုံးအင်္ဂလိပ်စာ ထွက်ပြီ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ ကွန်ပျူတာသုံးအင်္ဂလိပ်စာ ထွက်ပြီ

(မိုးမခစာအုပ်စင်) မေ ၁၈၊ ၂၀၁၉



မိုးမခက ထုတ်ဝေပြီး ဆိပ်ကမ်းသာက ဖြန့်ချိတဲ့ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ ကွန်ပျူတာသုံးအင်္ဂလိပ်စာ စာအုပ် ထွက်ပါပြီ။ စာမျက်နှာ ၁၆၈၊ အုပ်ရေ ၅၀၀၊ တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိလိုက်ပါတယ်။ ပထမအကြိမ် ထုတ်ဝေခြင်း ဖြစ်ပါတယ်။



စာအုပ်ပါဆောင်းပါးများဟာ ၂၀၁၄ ပညာတန်ဆောင်မဂ္ဂဇင်းမှာ လစဉ်ဖော်ပြခဲ့တဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။ ကွန်ပျူတာအကြောင်း အင်္ဂလိပ်ဘာသာဆောင်းပါးများကို ယှဉ်တွဲ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ စာဖတ်သူများ စာသင်သားများအနေနဲ့ ကွန်ပျူတာဆိုင်ရာအကြောင်းအရာတွေကို ဖွဲ့ဆိုရာမှာ သုံးစွဲတဲ့ အင်္ဂလိပ်ဘာသာစကားလုံး သုံးစွဲပုံနဲ့ ဗမာဘာသာသို့ ပြန်ဆို ရှင်းပြတဲ့ဆီမှာ ဘာသာပြန်ပုံတို့ကို တွဲဘက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။



ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာ​စျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄ သို့ ဆက်သွယ်ပြီး တအုပ်ချင်း မှာကြားနိုင်ပါတယ်။ စာတိုက်ပို့ခကိုတော့ ထပ်ဆောင်းပေးရပါမယ်။ ရန်ကုန်မြို့နဲ့ ဖြန့်ချိနေကျ နယ်စာအုပ်ဆိုင်ကြီးများကို သည်တပတ်အတွင်း ပို့ဆောင်ပေးနေပြီ ဖြစ်ပါတယ်။



Comments

Post a Comment