၂၀၂၀ အတွက် မိုးမခမဂ္ဂဇင်းတအုပ် ထုတ်ပြီ

 



 

၂၀၂၀ အတွက် မိုးမခမဂ္ဂဇင်းတအုပ် ထုတ်ပြီ

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၀

၂၀၁၉ ခုနှစ်တုန်းက ၃လတကြိမ် ထုတ်မယ်လို့ အားခဲခဲ့ပြီး ၂၀၂၀ နှစ်ဆန်းမှာ ၂၀၁၉အတွက် နောက်ဆုံးမဂ္ဂဇင်း ထုတ်ခဲ့ပါတယ်။ ၂၀၂၀ မတ်လမှာ နောက်တအုပ်ထုတ်ဖို့ ဟန်ပြင်ထားပေမယ့် ကိုဗစ်ကာလအတွင်း ဝင်ရောက်ခဲ့လို့ ဆိုင်းထားရပြန်ပါတယ်။ သည်လိုနဲ့ ဇွန် ဇူလိုင်မှာ ထုတ်မယ်လို့ ပြင်ထားသော်လည်း အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ထွက်မလာပြန်ပါဘူး။ နောက်ဆုံး ကိုဗစ်ရန်အေးလောက်ပြီ ထင်လို့ စက်တင်ဘာမှာ ထုတ်ကြစို့ဆိုပြီး ဝိုင်းကြပြန်ရာမှာ ကိုဗစ်ကလည်း ဒုတိယလှိုင်းတက်ချိန်နဲ့ ကြုံရပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်အတွက် မိုးမခမဂ္ဂဇင်းကတော့ အနည်းဆုံး တအုပ်တော့ ထွက်ဖြစ်ပါပြီ။ အချင်းချင်းတွေကတော့ အပြင်းအထန်ဂုဏ်ယူကြပေမယ့် တစိမ်းတွေကတော့ မျက်မှောင်ကြုပ်ကြပါလိမ့်မယ်။ မဂ္ဂဇင်းတစောင်ထုတ်တာ အဲသလောက်တောင် ကြန့်ကြာ နှောင့်နှေးရသလား ဆိုပြီးတော့ပေါ့လေ။ နှေးကွေးတဲ့ စံချိန်က မဂ္ဂဇင်းတင်မှ မဟုတ်ပါဘူး၊ အွန်လိုင်းလည်း နှေးလာတယ်လို့ တဆက်တည်း ဝန်ခံလိုက်ပါဦးမယ်။

မိုးမခက အွန်လိုင်းမှာ နေ့စဉ် ဆောင်းပါး အနည်းဆုံး ၂ ပုဒ် ၃ ပုဒ် တင်နိုင်အောင် အစွမ်းကုန် ကြိုးစားရပါတယ်။ အရင်တုန်းကတော့ တနေ့ကို ၁၀ ပုဒ် တင်ခဲ့တဲ့ကာလတွေ ရှိခဲ့ပြီး နောက်တော့ အနည်းဆုံး ၅ ပုဒ်ဆို မဆိုးပါဘူးလို့ ဖြေခဲ့ရာကနေ အခုတော့  တနေ့ ၂ ပုဒ် ၃ ပုဒ် အနိုင်နိုင်ပါ။ သို့သော်လည်း တင်တဲ့စာ ဖတ်ရတဲ့ဆီမှာ ထိုက်ထိုက်တန်တန်ဖြစ်ရစေမယ်လို့ ခုချိန်ထိ အာမခံဆဲဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အသွေးကို စျေးမလျော့သေးတာ မိုးမခမီဒီယာ ဖြစ်ပါတယ်။

အထူးကျေးဇူးတင်တာကတော့ မိုးမခစာဖတ်ပရိသတ်တွေ ဖြစ်ပါတယ်။ သူတို့တွေ နားလည်ရင် ကျေနပ်ပါပြီ။ နောက်ထပ်ကျေးဇူးတင်ရသူတွေကတော့ မိုးမခဝိုင်းတော်သားတွေ ကလောင်ရှင်တွေပါ။ သူတို့တွေက မိုးမခအတွက် စာရေးသားပေးကြရာမှာ မိုးမခ၏ အစဉ်အလာ အရသာ အနှစ်သာရကို သိနားလည် ထိန်းသိမ်းပြီး အကောင်းစားတွေချည်း ရေးပေးနေကြလို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ မိုးမခကိုယ်တိုင်က တလေးတစားနဲ့ သူတို့စာတွေကို ကြိုက်လွန်းလို့ ကူးယူ မျှဝေဖော်ပြခွင့်ယူပြီး တင်ဆက်ရာမှာလည်း နားလည်ခွင့်ပြု အားပေးတဲ့ ပြင်ပကလောင်ရှင်တွေကိုလည်း ကျေးဇူးတင်ပါကြောင်း ထပ်လောင်း ဆိုလိုက်ပါတယ်။

ထုံးစံအတိုင်း မိုးမခစာအုပ်တိုက်က ထုတ်တာကို ဆိပ်ကမ်းသာဖြန့်ချိရေးက စာဖတ်သူတွေဆီအရောက် စာအုပ်ဆိုင်တွေအရောက် ဖြန့်ချိပေးနေပါတယ်။ ဆိပ်ကမ်းသာက မိုးမခမဂ္ဂဇင်းကို ရောင်းစျေးအတိုင်း ကျပ် ၃ထောင်နဲ့ အရောက်ပို့မယ်လို့ ဆိုပါတယ်။ စာတိုက်ခ ပို့ခကို  အပိုထပ်ဆောင်းပေးစရာ မလိုဘူးလို့ အာမခံထားပါတယ်။ ဒါဆိုရင် ဆိပ်ကမ်းသာကော မိုးမခကောက သည်မဂ္ဂဇင်းတစောင် ရောင်းရဖို့အတွက် မေတ္တာတွေ စေတနာတွေ အပိုဆောင်းပြီး ထုပ်ပိုး ပို့ဆောင်ပေးလိုက်တာ သေချာပါပြီ။ 

ဆိပ်ကမ်းသာမှာ မိုးမခကို မေးဝယ်ပါ။

Comments

  1. All slot games require gamers to wager sure amount|a specific amount|a sure quantity} between fixed stakes in the hope 코인카지노 of constructing pre-determined successful formations, using the symbols that populate the game’s primary taking part in} space. In 2017, the revenue introduced in from noncasino slot machines surpassed what casino slots earned for the first time. Although more money is coming in from video slot machines, their fixed tax fee isn’t making up for the lower in casino wagering and admission taxes.

    ReplyDelete

Post a Comment