ပန်းချီသန်းဌေးမောင်၏ မြန်မာနွေဦးတော်လှန်ရေး ပန်းချီစာအုပ် ထွက်ပြီ

 

ပန်းချီသန်းဌေးမောင်၏ မြန်မာနွေဦးတော်လှန်ရေး ပန်းချီစာအုပ် ထွက်ပြီ

(မိုးမခ) မေ ၁၄၊ ၂၀၂၁

မိုးမခ၏ စေတနာဝန်ထမ်း၊ ပင်တိုင်ပန်းချီဆရာ သန်းဌေးမောင်က မြန်မာနွေဦးတော်လှန်ရေးကာလ တောက်လျောက် ခေတ်ကိုထင်ဟတ်သော တုန့်ပြန်သော ပန်းချီကားများ ရေးဆွဲပြီး သူ့ဖေ့စ်ဘွတ်မှာ အမြဲတင်ဆက်ပါတယ်။ တော်လှန်ရေးကို တဖက်တလမ်းက အနုပညာနဲ့ သီဆိုဟစ်ကြွေး ထောက်ခံ ဆန္ဒထုတ်ဖော်နေခြင်း ဖြစ်ပါတယ်။ သူ့ပန်းချီကားတွေကို ဆန္ဒပြပွဲတွေ အခမ်းအနားတွေ လက်ကမ်းစာစောင်တွေမှာ ရဲဘော်တွေက လွတ်လပ်စွာ ကူးယူသုံးစွဲကြပါတယ်။ အခု ပန်းချီကား ၅၇ ကားကို ဖိုတိုစာအုပ်အယ်လဘန်အဖြစ် စုစည်းထုတ်ဝေလိုက်ပါပြီ။ အများကြီးလည်း မထုတ်နိုင်၊ မှာသမျှကို ကြိုတင်ရိုက်နှိပ်ပြီး ပို့ဆောင်ပေးပါမယ်။ ဖိုတိုစာအုပ်တအုပ်ကို ဒေါ်လာ ၆၀။ အမှတ်တရသိမ်းထားရန်၊ အများပြည်သူနဲ့အတူ မျှဝေခံစားပြီး နောက်ခံအကြောင်းအရာတို့ကို ဖော်ထုတ်ပြောဆိုရန် (story telling items) အတွက် သင့်တော်တဲ့ ဓာတ်ပုံစာအုပ် ဖြစ်ပါတယ်။ ပန်းချီဆရာကတော့ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် သုံးစွဲကြရင် သူကျေနပ်ပြီတဲ့။ မိုးမခကလည်း နွေဦးတော်လှန်ရေးအတွက် အမှတ်တရ ထုတ်ဝေလိုက်ပါတယ်။ ဖေ့စ်ဘွတ်ကနေ မှာကြားနိုင်ပါတယ်။




https://www.facebook.com/commerce/products/5416367278434106/

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Comments