ကဗျာဆရာ အောင်ဝေးရဲ့ ကောင်းကင်ပိုင်လင်းယုန် ကဗျာစာအုပ် SUU 79 အမှီထွက်ပြီ

 



ကဗျာဆရာ အောင်ဝေးရဲ့ ကောင်းကင်ပိုင်လင်းယုန် ကဗျာစာအုပ် SUU 79 အမှီထွက်ပြီ

(မိုးမခ) မေ ၂၆၊ ၂၀၂၄

ကဗျာဆရာ အောင်ဝေး၏ ကဗျာ ၅ ပုဒ်၊ ပန်းချီ ကြိုင်ကြီး ပန်းချီ ၅ ပုံ၊ ဘာသာပြန်သူ Mone Aung ၊ စာစီ နေကြယ်၊ မျက်နှာဖုံး - လမင်းဝေးတို့၏ ဝန်းရံမှုတို့နဲ့ ကဗျာစာအုပ် - “ကောင်းကင်ပိုင်လင်းယုန်” စာအုပ်ကို မိုးမခမီဒီယာက ထုတ်ဝေလိုက်ပါတယ်။

မြန်မာနွေဦးတော်လှန်ရေး စာနယ်ဇင်းရန်ပုံငွေအဖြစ် ထုတ်ဝေပါတယ်။ စာမျက်နှာ ၄၀ ရှိပါတယ်။ စာအုပ်တန်ဖိုးကတော့ ဒေါ်လာ ၄၀ ဖြစ်ပါတယ်။ ရန်ပုံငွေပွဲတွေ အလှူပွဲတွေမှာ ရောင်းရင်တော့ သူတို့ သဒ္ဒါတဲ့စျေးနဲ့ ရောင်းပါလိမ့်မယ်။

အကြမ်းဖက် အာဏာသိမ်း လူသတ်မီးရှို့ ဓမြတိုက် တိုင်းပြည်ကို အဓမ္မကျင့်နေတဲ့ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်း ခံထားရပြီး ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ ထားရှိတယ်ဆိုတာ မသိရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ၊ မြန်မာပြည်၏ လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့ကို အမှတ်တရအဖြစ် ကဗျာဆရာက အားထုတ်ကြိုးပမ်းမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကျနော်ပေးဆပ်နိုင်သမျှဟာ ဒါအကုန်ပဲ ရှိပါတယ် လို့ ကဗျာဆရာအောင်ဝေးက ရေးသားထားပါတယ်။

၂၀၂၁ စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူချိန်ကတည်းက ကဗျာလက်နက် ကလောင်လက်နက်ကို စွဲကိုင်ပြီး နွေဦးတော်လှန်ရေးမှာ လိုက်ပါ ချီတက်နေတဲ့ ကဗျာဆရာတဦး၏ ပေးဆပ်မှုတွေထဲက တခု ဖြစ်ပါတယ်။ အောင်ဝေး၏ နွေဦးတော်လှန်ရေးအတွက် ကဗျာ၁၀၀ ၄ တွဲကို မိုးမခက ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Comments